စစ်အစိုးရလက်ထက် ထိပ်သီးခေါင်းဆောင် ခြောက်ဦးနေထိုင်ရာ နေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်ယာတွင် နိုဝင်ဘာ ၆ရက်က ကြိုတင်မဲလိုက်လံကောက်ခံရာမှာ အသက် ၈၈နှစ်ခန့်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ကိုယ်တိုင်ကြိုတင်မဲပေးခဲ့ကြပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောသည်။ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းထဲတွင် ခြောက်လုံးတန်းတွင် နေထိုင်ကြသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ ပါဝင်သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now