အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့ မနက်က ရာနှင့်ချီသည့် တပ်မတော်သားများ နီးစပ်ရာ ရပ်/ကျေးမဲရုံများတွင် ကြိုတင်မဲပေးကြပြီး လျှိုဝှက်မဲပေးစနစ်အား မထိခိုက်စေရန် ကော်မရှင်၏ ညွှန်ကြားချက်အတိုင်း အဆင်ပြေအောင် ဆောက်ရွက်ပေးသည်ဟု ရပ်/ကျေးကော်မရှင်ကဆိုသည်။ ယခုနှစ်ရွေးကောက်ပွဲတွင် တပ်မတော်သားများအနေဖြင့် ပထမဆုံးအကြိမ် တပ်အပြင်ထွက်ပြီး မဲပေးရခြင်းဖြစ်ကာ ကြိုတင်မဲပေးနေသည့် တပ်မတော်သားများအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့တွင် တပ်တွင်း၊တပ်ပြင်တာဝန်များ ထမ်းဆောင်ရန်ရှိသည်ဟု သိရပါသည်။
သတင်းနှင့်ရိုက်ကူး - မြတ်မိုးသူ/Myanmar Now




