အဓိကအင်အားကြီးပြိုင်ဘက်ပါတီများဖြစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများသည် နိုဝင်ဘာ ၅ ရက်နေ့က ဒေါပုံမြို့နယ်တွင် အပြိုင်အဆိုင်အင်အားပြ မဲဆွယ်ခဲ့ကြသည်။ ဒေါပုံမြို့နယ်တွင် လူဦးရေကိုးသောင်းကျော်ရှိပြီး မဲဆန္ဒပေးခွင့်ရှိသူ ငါးသောင်းနီးပါးရှိကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပါတီမှ ကူးပြောင်းလာသူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည်နှင့် NLD ကိုယ်စားလှယ်လောင်း ဦးဟန်စိုးသည် ပြည်သူ့လွှတ်တော်နေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။