မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာ၊ အမှတ် ၁ မဲရုံ၌ မဲပုံးများကို NLD ပါတီမဲရုံကိုယ်စားလှယ် တားမြစ်သည့်ကြားက မဲပုံးများကို ကားပေါ်တင်ပြီး သွားလာခဲ့သည့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ငြင်းပွားမှုဖြစ်ခဲ့သည်။ မဲပုံးများကို ကားဖြင့် သယ်ဆောင်သွားခဲ့သည့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များက နားမလည်သဖြင့် အခုလိုဖြစ်ခဲ့သည်ဟု အကြောင်းပြသော်လည်း ၎င်းတို့သည် ၂၀၁၀ ခုနှစ်ကတည်းက ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်လာသူများဖြစ်ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရပါသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်