မန္တလေးခရိုင် ၆မြို့နယ်အတွင်း အသက်၆၀နှင့်အထက် မဲဆန္ဒရှင် ၁သိန်း ၆ သောင်းကျော်ရှိပြီး ၈၀ရာခိုင်နှုန်းကျော် မဲ‌ပေးခဲ့သည်ဟု မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါသည်။ ကိုဗစ်နိုင်တင်းရောဂါကြောင့် အသက်၆၀နှင့်အထက် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးရန် အောက်တိုဘာလ ၂၉ရက်မှ နိုဝင်ဘာလ ၅ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ကျော်ဇေဝင်း/Myanmar Now

ကျော်ဇေဝင်းသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။