မဲစာရင်းအမှားအယွင်းများ လူတစ်ဦးထဲမှ မဲစာရင်းနှစ်နေရာတွင် ပါနေမှုများရှိသောကြောင့် ကြိုတင်မဲပေးခဲ့ပြီးသောသူသည် ရွေးကောက်ပွဲနေ့တွင် နောက်တခါမဲပေးမှုများ ရှိလာနိုင်သဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့က စိုးရိမ်နေကြသည်။ လူတစ်ယောက်တည်းမှ ကြိုတင်ဆန္ဒမဲကို နှစ်နေရာပေးခဲ့သည့် ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့ပြီး ၎င်းကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ နှင့်အညီ အမှုဖွင့်အရေးယူထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာထားပါသည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now




