နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-ကဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူသည် တနှစ်ကျော်ကြာ ဝရမ်းပြေးဘဝဖြင့် တိမ်းရှောင်နေပြီး ရွေးကောက်ပွဲကျင်းပရန် ခြောက်ရက်အလို နိုဝင်ဘာ ၂ ရက်နေ့တွင် အနောက်ပိုင်းခရိုင်ရဲစခန်း၌ လာရောက်အဖမ်းခံခဲ့သည်။ ဝရမ်းပြေးအဖြစ် တစ်နှစ်ကျော်နေပြီး ခုလို ရွေးကောက်ပွဲနီးမှ လာရောက်အဖမ်းခံခြင်းသည် ဆူပူမှုဖြစ်အောင် အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ထွက်လာခြင်းဖြစ်နိုင်သည်ဟု ရွှေဝါရောင်ဆရာတော် မင်းသုည ခေါ် ဆရာတော်အရှင်ဣဿရိယက သုံးသပ်ပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။