ကယားပြည်နယ်၊ ဘောလခဲမြို့၌ မဲဆွယ်စည်းရုံးရေးရောက်ရှိနေသည့် သမ္မတရုံးဝန်ကြီးဟောင်းဦးစိုးသိန်းသည် အခုရက်ပိုင်းအတွင်း ဘောလခဲမြို့ရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်များအား ဖူးမျှော်ခဲ့ပြီး လိုအပ်သည်များ လှူဒါန်းခဲ့သည်ဟု သိရပါသည်။ ဦးစိုးသိန်းသည် ဗုဒ္ဓဘာသာဝင်တဦးဖြစ်သောကြောင့် သူရောက်ရှိသည့်နေရာတွင် ဘုန်းကြီးကျောင်းများကိုသွားရောက်ပြီး ဆရာတော်များကို ဖူးမျှော်ကာ ဆရာတော်များအတွက် လှူနိုင်သလောက် လှူဒါန်းလေ့ရှိကြောင်း ဦးစိုးသိန်း၏ ရွေးကောက်ပွဲစည်းရုံးရေးမန်နေဂျာက ဆိုသည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now




