အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များ ပထမဆုံးကြိုတင်မဲပေးသည့်နေ့တွင် မန္တလေးရှိ အချို့မဲရုံများသည် ကြိုတင်ဆန္ဒမဲပုံးကို ချိတ်ပိတ်ထားသည့် ပုံးများကို အသုံးမပြုဘဲ ဆာလာအိတ်များ၊ လက်ဆွဲအိတ်များထဲ ထည့်သည်ကို တွေ့ရသလို မဲကို စာအိတ်ထဲ မဲဆန္ဒရှင်ကိုယ်တိုင်မထည့်ရခြင်း မဲပုံးထဲသို့ ကိုယ်တိုင်မထည့်ရခြင်းများရှိသဖြင့် မဲဆန္ဒရှင်အချို့က မဲမသမာမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။ မန္တလေး ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ ရပ်ကွက်အတွင်း နေထိုင်သည့် ကြိုတင်ဆန္ဒမဲပေးခဲ့သူ ဦးချို (ခ) ဦးမြင့်ချိုအား သူတွေ့မြင်ခဲ့ရသည်များကို မြန်မာနောင်းမှ တွေ့ဆုံးမေးမြန်းထားပါသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်