ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှို စွပ်စွဲပြစ်တင်ခံရမှုနှင့် ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဝန်ကြီးချုပ်ဟောင်း လျှောက်ထားတင်သွင်းသည့်အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးလိုက်သည်။ ဦးအယ်လ်ဖောင်းရှိုသည် ခုံရုံးကိုတင်သွင်းခွင့်ရှိသူ ဟုတ်မဟုတ် ၊ စွပ်စွဲပြစ်တင်သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ငါးဦးထဲမှ တစ်ဦးနှုတ်ထွက်ထားသည့်အတွက် စွပ်စွဲမှုမြောက်မမြောက်နှင့် စွပ်စွဲပြစ်တင်သူ သုံးဦးကိုလွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင်းထည့်သွင်းထားမှုသည် ဥပဒေနှင့် ညီမညီဟူသော ပြဿနာသုံးရပ်အပေါ် အောက်တိုဘာ ၆ ရက်တွင် နှစ်ဖက်ကြားနာခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now