ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကနေ အဆုံးတိုင် ပြန်လည်ပြင်ဆင် ရေးသားရမည့်တာဝန်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် လက်ရှိအခြေအနေတွင် လုပ်ဆောင်နေသည်ဟု ပါတီဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက ပြောဆိုလိုက်သည်။ ပြည်နယ်နှင့် တိုင်းရင်းသားလူမျိုးရေးကို အခြေခံသည့်ပါတီအဖြစ်မှ မူဝါဒကို အခြေခံသည့်ပါတီအဖြစ် ကူးပြောင်းလာနေသည့် SNLD ပါတီသည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်မည့် ပါတီအဖြစ် ရောက်ရှိရန် ကြိုးစားနေသည်ဟု ပါတီခေါင်းဆောင်ပိုင်းများက ဆိုသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။