အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံဝန်းရံသည့် ပြည်သူထောင်ပေါင်းများစွာသည် အောက်တိုဘာ ၂၅ ရက်‌နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တွင် လှည့်လည်အင်အားပြပြီး မဲဆွယ်စည်းရုံးရေးများကို လုပ်ဆောင်ခဲ့ကြသည်။ လှည်းကူးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပြင် ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ရှေဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီများလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။