၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကာလအတွက် ရပ်ကွက်နေပြည်သူများမှ ထောက်ခံကြသည့် ပါတီတံဆိပ်ပါ စက္ကူအလံငယ်များ၊ လမ်းဖြတ်ဗီနိင်းများ ချိတ်ဆွဲမည်ဆိုပါက မန္တလေးမြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ အလံနှင့် ဗီနိုင်းများကို လမ်းမကြီးတွေပေါ်တွင် တပ်ဆင်ချိတ်ဆွဲခွင့်မပြုပဲ လမ်းသွယ်များတင်သာ တပ်ဆင်ခွင့်ပြုမည်ဖြစ်သလို ချိတ်ဆွဲသည့် အလံများပေါ်မူတည်ကာ တစ်ပြကို ငွေကျပ်၁သောင်း နှင့် ဗီနိင်းတစ်ခုကို ငွေကျပ် ၁သောင်းနှုန်းပေးသွင်းရန် သတ်မှတ်ထားသည်ဟု မန်းမြို့တော်စည်ပင်ကော်မတီထံမှ သိရသည်။

သတင်းနှင့်ရိုက်ကူး - ကျော်ဇေဝင်း/Myanmar Now

ကျော်ဇေဝင်းသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။