ထောင်ပြေးမှုဖြင့် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ကို လဝကအက်ဥပဒေပုဒ်မတစ်ခု ထပ်တိုးတရားစွဲဆိုလိုက်ပါသည်။ ဦးကျော်မြင့်က ၎င်းကို ထောင်ကိုးနှစ် အမိန့်ချမှတ်ခဲ့သည့်အချိန်ကာလသည် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြို့ရေးကောင်စီ အစိုးရလက်ထက်က ချမှတ်ခဲ့သောကြောင့် လက်ရှိ ဒီမိုကရေစီအစိုးရလက်ထက်တွင် အပြစ်မရှိတော့ကြောင်း တရားခွင်၌ ငြင်းဆိုခဲ့သည်။
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now



