ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင်ပါဝင်သူများမှ ကန့်ဘလူမြို့ နယ် ကာဘိုးကျေးရွာရှိ ပြည်သူတစ်ဦး၏နေအိမ်နှင့် ဆိုင်ကယ်ခုနှစ်စီးကို အောက်တိုဘာ ၂၂ရက်နေ့က ဖျက်စီးခဲ့ပါသည်။ ပြည်ခိုင်ဖြိုးထောက်ခံသူများက ဓါး၊တုတ်များ အသုံးပြုခဲ့သလို ကိုဗစ်ကာကွယ်ရေးဂိတ်ကိုလည်း ဖျက်စီးခဲ့သောကြောင့် အိမ်ပိုင်ရှင်ဖြစ်သည့် ကိုသက်ထွန်းအောင်အပြင် ကျေးရွာကိုဗစ်ကာကွယ်ရေးကော်မတီမှလည်း ဇီးကုန်းမြို့မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး၊ မင်းမင်း/Myanmar Now






