စက်တင်ဘာလအတွင်းက မသန်စွမ်းအမျိုးသမီးတဦးကို အိမ်နီးနားချင်းဖြစ်သူ အိမ်ထောင်ရှိ အမျိုးသားတစ်ဦးက ကြိုးတုပ်ပြီးမုဒိမ်းကျင့်သည့် ဖြစ်စဉ်တစ်ခု တိုက်ကြီးမြို့နယ် ကံသုံးဆင့်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။ အဓမ္မပြုကျင့်သူ ပြည့်ဖြိုးအောင်ကို ရဲက ချက်ချင်းဖမ်းဆီးပြီး မုဒိမ်းမှုပုဒ်မ ၃၇၆ဖြင့် တရားစွဲဆိုခဲ့သည်။ ကျူးလွန်သူမိသားစုဝင်မှ ကျူးလွန်ခံရသူ မိသားစုဝင်များကို ခြိမ်းခြောက်မှုများရှိနေသည်ဟု မိသားစုဝင်များမှ ပြောသည်။ ကျူးလွန်သူကို မသန်စွမ်းဥပဒေပုဒ်မ ၇၇ ဖြင့်ပါ အရေးယူသင့်ကြောင်း မသန်စွမ်းအရေးလှုပ်ရှားသူများက ဆိုပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။