ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသားပါတီ ANP ကို ဝန်းရံထောက်ခံသူ ထောင်ချီပါဝင်သည့် အင်အားပြလှည့်လည်မှုတစ်ခုကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီကျော်က ပြုလုပ်ခဲ့ကြပါသည်။ တောင်ကုတ်မြို့နယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက ရှုံးနိမ့်ခဲ့သော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး - စိုးဇံအောင်၊ ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။