၈၈ အရေးတော်ပုံမှစတင်ကာ လက်ရှိအချိန်အထိ မတရားမှုများကို တတ်နိုင်သမျှတွန်းလှန်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ကရင်တိုင်းရင်းသူ နော်အုန်းလှသည် တော်လှန်ရေးဆက်လုပ်ရန်အတွက် လွှတ်တော်ထဲကို ဝင်ရောက်တော့မည်ဟု ပြောဆိုလိုက်သည်။ နော်အုန်းလှသည် ၂၀၂၀ ရွေးကောက်ပွဲကို သစ်ခုတ်သမားတို့ ပြန်လာပြီဆိုသည့် ကြွေးကြော်သံများနှင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်လာသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now




