ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ နှင်းဆီပါတီ၏ ဥက္ကဌ ဦးကျော်မြင့်ကို အောက်တိုဘာ ၂၀ ရက်နေ့က သုံးကြိမ်မြောက် တရားရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုဘက်က တင်ပြထားသည့် သက်သေငါးယောက်ကို စစ်ဆေးကာ ထောင်ပြေးမှုဖြင့် ဆွဲချက်တင်လိုက်သည်။ လာမည့်ရုံးချိန်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြန်လည်ချိန်းဆိုလိုက်ပြီး ဦးကျော်မြင့်ကို စစ်တင်ဆေးမည်ဟု သိရှိရသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်