ရှစ်တန်းကျောင်းသားအရွယ် ၈ လေးလုံးအရေးခင်းမှစတင်ပြီး NLD အစိုးရလက်ထက်အထိ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ ကိုအောင်မှိုင်းဆန်းသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအပါဝင် လူထုလှုပ်ရှားမှုများစွာတွင် ပါဝင်ခဲ့သူဖြစ်သည်။ တချိန်က ကျောင်းသားတက်ကြွလှုပ်ရှားသူဖြစ်ခဲ့သည့် ကိုအောင်မှိုင်းဆန်းသည် လာမည့်ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှတဆင့် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်