မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံးနှင့် တစ်ဦးတည်းသော ရွေးကောက်ပွဲဝင် မသန်စွမ်း အမျိုးသမီးကိုယ်စားလှယ်လောင်း မချောစုလှိုင်သည် ပြည်သူ့လွှတ်တော်နေရာအတွက် မြောက်ဥက္ကလာပမြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၂ ဒသမ ၃ သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နုန်းရှိကာ မသန်စွမ်းသူများအခွင့်အရေး ဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့သော်လည်း ဥပဒေပါအခွင့်အရေးများ ရရှိမှုမှာမူ လက်တွေ့တွင် ကွာဟချက်ကြီးမားနေဆဲ ဖြစ်ပါသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now




