အောက်တိုဘာလ ၁၄ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာကို မဲဆွယ်စည်းရုံးရန် သွားရောက်ခဲ့စဉ် အရပ်ဝတ်လက်နက်ကိုင်လူတစ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် NLDလွှတ်တော်ကိုယ်စားလှယ်လောင်း(၃)ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရမှုသည် ၂ ရက်တာ ကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသလို ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမှ ထုတ်ဖေါ်ပြောဆိုထားခြင်းမရှိသေးပေ။

သတင်းနှင့်ရိုက်ကူး - စိုးဇံအောင်/Myanmar Now
နောက်ခံစကားပြော - ဖြိုးထက်အောင်/Myanmar Now