မန္တလေးစက်မှုဇုန်အတွင်းရှိ ၆၂ လမ်းနှင့် ၁၃၁ လမ်းထောင့်မှ ယူနိုက်တက်အမရာဘဏ်ခွဲအတွင်း သေနတ်ပြပြီး ဓားပြတိုက်ခဲ့သူသည် ၎င်းစီးလာခဲ့သည့်ကားကို မီးရှို့ထားခဲ့ပြီး ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်။ ဓားပြနှင့်အတူ ငွေကျပ် သိန်း၂၀၀ ပါသွားခဲ့ပြီး စက်မှုဇုန်နယ်မြေရဲစခန်းတွင်း ဘဏ်ခွဲမန်နေဂျာမှ တရားလိုလုပ်ကာ လုယက်မှုပုဒ်မ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရပါသည်။

သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now

ရန်မိုးနိုင်သည် Myanmar Now၏ မန္တလေးအခြေစိုက်သတင်းထောက်ဖြစ်သည်