ကိုဗစ်ကပ်ရောဂါသည် ကလေးသူငယ်များ၊ ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများအတွက် စိုးရိမ်ထိန့်လန့်စရာကောင်းပြီး သေဆုံးသည်အထိ ရောဂါပြင်းထန်လေ့ရှိသည်။ သို့သော်လည်း အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၃ လအရွယ် ကလေးငယ်နှင့် အသက် ၁၀၀ အဖွါးအပါအဝင် မိသားစု ၁၀ ဦးစလုံးသည် တဦးမှ ဆုံးရှုံးမှုမရှိဘဲ ကိုဗစ်ကပ်ရောဂါကို အနိုင်ယူနိုင်ခဲ့သည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



