ထောင်ပြေးမှုဖြင့် ပြန်လည်ဖမ်းဆီးခံထားရသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဥက္ကဌ ဦးကျော်မြင့်အမှုသည့် လွန်ခဲ့သည့် ၂၁ နှစ်လောက်က ဖြစ်ပွါးခဲ့သည့်အတွက် ထိုအချိန်က သက်သေများကို ပြန်လည်ရှာဖွေဆင့်ခေါ်ရန် အချိန်ပိုမိုလိုအပ်သဖြင့် ရဲတပ်ဖွဲ့က အချိန်ထပ်တိုးပေးရန် တောင်းဆိုထားသည်ဟု ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဆိုသည်။ လာမည့်ရုံးချိန်းကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချိန်းဆိုထားပြီး ရရှိလာသည့် သက်သေများကို စတင်စစ်ဆေးသွားမည်ဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now



