သာကေတမြို့နယ်ရှိ Fortune Plaza ကို ကိုဗစ်နိုင်တင်းရောဂါကုသရေးယာယီဆေးရုံအဖြစ်ပြင်ဆင်ထားပြီး Happy Covid Centre ဟု နာမည်ပေးထားကာ လူနာများ စိတ်ဖိစီးမှုလျှော့ကျစေရန် ဆေးရုံတခု၏အငွေ့အသက်များမရှိအောင် သစ်ပင်များ၊ စာအုပ်စင်များ၊ အားကစားလေ့ကျင့်ရေးပစ္စည်းများဖြင့် စီစဉ်ထားပါသည်။ Happy Covid Center တွင် အောက်တိုဘာလ ၈ ရက်နေ့မှစပြီး လူနာများကိုလက်ခံကုသပေးမည်ဖြစ်ကာ ဆရာဝန် ၅၀ ကျော်နှင့် စေတနာဝန်ထမ်း ၁၅၀ ကျော်တို့မှ လူနာ ၅၀၀ ကျော်အထိ လက်ခံကုသပေးနိုင်အောင် စီစဉ်ထားပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။