၂၀၁၅ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော်နေရာအတွက် ဘော်လခဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည့် သမ္မတရုံးဝန်ကြီဟောင်း ဦးစိုးသိန်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ဘော်လခဲမြို့နယ်မှ ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကယားပြည်နယ်ရှိ ဘော်လခဲမြို့နယ်သည် လူဦးရေနည်းပါးပြီး လာမည့်ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ရှစ်ထောင်ကျော်သာရှိသည့် မြို့နယ်လေးတခုဖြစ်သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now