ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ရာတွင်ပါဝင်ခဲ့ပြီးမှ စုံးစမ်းစစ်ဆေးရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည့် ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် (ခေါ်) ဦးစဲရယ်အား ကယားပြည်နယ်လွှတ်တော်ပုံရိပ်ကို ထိခိုက်သောကြောင့် တရားစွဲဆိုသွားမည်ဟု ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးက အောက်တိုဘာလ ၆ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးပြောဆိုလိုက်သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now