ကိုဗစ်နိုင်တင်းကြောင့် Stay Home အဖြစ် အိမ်မှာသာနေထိုင်ရန် အစိုးရကသတ်မှတ်ထားသည့် မြို့နယ်များရှိ အသက် (၆၀)ကျော်အရွယ် မဲဆန္ဒရှင်များကို ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ထိုသို့ စီစဉ်ပေးမည့်အပေါ် Stay Home မြို့နယ်တွင် အကျုံးဝင်သည့် အသက်(၆၀)ကျော် မဲဆန္ဒရှင်တစ်ဦးက ကြိုဆိုလိုက်သလို ကြိုတင်မဲထက် ကိုယ်တိုင်ကိုယ်ကျ မဲရုံသွားပြီး မဲထည့်ရသည်ကို သဘောကျသည့် မဲဆန္ဒရှင်များလည်း ရှိသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။