ကယားပြည်နယ် လွိုင်ကော်မြို့၌ အောက်တိုဘာလ ၅ ရက်နေ့တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP နှင့် ကယန်းအမျိုးသားပါတီ KNPတို့ပူးပေါင်းပြီး လူအင်အား ၂ သောင်းခန့် ကား၊ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည်ကာ မဲဆွယ်မှုများပြုလုပ်ခဲ့သည်။ ၎င်းတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကို အဓိကမထားဘဲ ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင်ရန် အဓိကထားယှဉ်ပြိုင်သွားမည်ဟု ကယန်းအမျိုးသားပါတီက ဆိုပါသည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now




