ကိုဗစ်နိုင်တင်းရောဂါထိန်းချုပ်ရန်အတွက် ပြဋ္ဌာန်းထားသည့် ညမထွက်ရ အမိန့်ချိုး‌ဖောက်မှုကြောင့် ထောင်ဒဏ်တစ်လချမှတ်ခံရသူများသည် အင်းစိန်ထောင်သို့ ပို့ဆောင်ရာတွင် ရောဂါစစ်ဆေးမှုမရှိဘဲ ထောင်တွင်း၌ လူတစ်ဦးနှင့်တစ်ဦး ကျပ်သိပ်စွာ နေရသောကြောင့် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။ အကျဉ်းသားဦးရေ ၅၀၀၀ သာ လက်ခံနိုင်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၁၀၀၀၀ ကျော်ရှိနေပြီး အကျဉ်းသားဦးရေ လျှော့ချသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။