နှင်းဆီပါတီခေါ် UDP ပါတီဥက္ကဌ ဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ အရ အမှုဖွင့်အရေးယူထားကြောင်း နိုင်တော်သမ္မတရုံးမှ ပြောရေးဆိုခွင်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ်ချမှတ်ခဲ့ပြီး တစ်နှစ်အကြာ ၁၉၉၉ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အကျဉ်းသားအဖြစ် ဆေးကုသရန် ရောက်ရှိနေစဉ် တာဝန်ကျ ရဲဒုတပ်ကြပ် လူမော်ဆိုသူနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

သတင်းနှင့်ရိုက်ကူး - Myanmar Now

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.