နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှ ထွက်ပြေးမှုကြောင့် ထိုနေ့တွင် တာဝန်ကျနေသော ထောင်မှူး ဦးအေးချမ်းနှင့် ရဲတပ်သား ၃ ဦး ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခဲ့ခဲ့ရသည်။ ထောင်းမှူးဟောင်း ဦးအေးချမ်းသည် ၎င်းအား ထောင်ချအပြစ်ပေးမှုကို နားလည်နိုင်သော်လည်း ထောင်မှထွက်ပြေးသူမှာ လက်ရှိအချိန်တွင် နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဌအဖြစ် တာဝန်ယူထားပြီး မည်သည့်ပြစ်ဒဏ်မှမခံခဲ့ရသည်ကို နားမလည်နိုင်ဘဲဖြစ်လျက်ရှိနေပါသည်။
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now



