ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသည့် စစ်ပွဲများရပ်တန့်ရန်နှင့် 4G အင်တာနက် ပြန်ဖွင့်ပေးရန် မန္တလေးတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ဗသသများအဖွဲ့ချုပ်မှ ကျောင်းသားများအနက်တစ်ဦးကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်။ ရခိုင်ပြည်နယ်အရေး တောင်းဆိုနေကြသည့် စစ်တွေတက္ကသိုလ်မှ ကျောင်းသား သုံးဦးကိုလည်း ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ထားပြီး ရခိုင်ပြည်နယ်အရေးတောင်းဆိုချက်များကို ရေးသားထားသည့် စာရွက်များကို မိတ္ထီလာ၊ မုံရွာ၊ ပဲခူး၊ တောင် ငူ၊ ဒီပဲယင်းမြို့များတွင် လိုက်ကပ်ခဲ့ကြသည့် ဗကသကျောင်းသားများကိုလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မများဖြင့် အမှုဖွင့်ထားပါသည်။
သတင်းနှင့်ရိုက်ကူး - ရန်မိုးနိုင်/Myanmar Now



