ရန်ကုန်တိုင်းဒေသကြီး မြောက်ဘက်အစွန်ဆုံးမြို့နယ်ဖြစ်သည့် လှည်းကူးမြို့သည် လက်ရှိရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်ဖြစ်ပြီး အစဉ်အလာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံအားပေးသည့် အမာခံနယ်မြေလည်း ဖြစ်ပါသည်။ လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကျန်းမာရေးအခြေအနေကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်သလို ရဲမွန် တပ်နယ်၊ အင်းတိုင်တပ်နယ်ကဲ့သို့ တပ်မတော်မိသားစုများရှိသည့် နေရာများလည်းရှိသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မည်ဟု ဆိုကြသည်။

သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now

 

ZYM သည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။