ကယားပြည်နယ်ရှိ အင်အားကြီးပါတီနှစ်ခုဖြစ်သည့် လက်ရှိအာဏာရပါတီ NLD နှင့် ပြည်ခိုင်ဖြိုးပါတီကို ယှဉ်ပြိုင်ရန်အတွက် ဒေသခံလူငယ်အများစုပါဝင်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDPက သေသေချာချာ ပြင်ဆင်ထားတာကို တွေ့မြင်ရပါသည်။ ဗိုလ်ချုပ်ကြေးရုပ်ဆန့်ကျင်ဆန္ဒပြမှုဖြင့် လူသိများလာသည့် ကရင်နီလူငယ် ကိုဒီးဒီသည်လည်း KySDP အတွက် ဖရူဆိုမြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကယားပြည်သူများ၏အသံကို ပိုမိုထိရောက်အောင် လွှတ်တော်ကတဆင့် ဖေါ်ဆောင်ပေးသွားမည်ဟုဆိုသည်။
သတင်းနှင်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



