ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီအချို့၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးရုပ်မြင်သံကြားမိန့်ခွန်းများကို ဆင်ဆာဖြတ်ခဲ့သောကြောင့် လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ကို ပိတ်ပင်သည်ဟု ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါသည်။ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီမူဝါဒများကို ပြည်သူတွေကို ချပြပြီး မဲဆွယ်စည်းရုံးရေးလုပ်ရန်အတွက် မိန့်ခွန်းများကို ခွင့်ပြုချိန် ၁၅ မိနစ် ပြောကြားခွင့်ရရှိကာ နိုင်ငံတော်ပိုင်ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတဆင့် ည ၇ နာရီနောက်ပိုင်းတွင် တရက်ကို ၃ ပါတီ ထုတ်လွှင့်ပြသနေခြင်း ဖြစ်ပါသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။