မိတ္ထီလာမြို့နယ် ညောင်ကိုင်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် ပါဝင်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ၏နေအိမ်ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် အင်အားသုံးဖျက်ဆီးခဲ့သည်။ ထိုဖြစ်စဉ်အပေါ် နေအိမ်ဖျက်ဆီးခံရသည့် အိမ်ရှင်က မိတ္ထီလာအမှတ်(၂) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ခြောက်ဦးတွင် ငါးဦးမှာ ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာစည်းရုံးရေးအဖွဲ့ဝင်များဖြစ်သည်။
သတင်းနှင့်ရုပ်သံ - Myanmar Now




