လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရှိ ၇၅ရာခိုင်နှုန်းသော ကိုယ်စားလှယ်များကိုသာ ပြည်သူလူထုကရွေးကောက်တင်မြှောက်နိုင်သဖြင့် တပ်မတော်ကအလိုအလျောက်နေရာရထားသော ၂၅ရာခိုင်နှုန်းအင်အားကိုမမှုဘဲ အစိုးရဖွဲ့နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို အင်တိုက်အားတိုက် မဲပေးကြပါဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသည့် အတားအဆီးသဖွယ်ဖြစ်နေသော လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ရာခိုင်နှုန်းကို ကျော်ဖြတ်ပြီး အစိုးရဖွဲ့နိုင်ရန် ၆၇ရာခိုင်နှုန်းအနိုင်ရရှိရန် လိုအပ်ခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး - မင်းမင်း/Myanmar Now




