သာကေတမြို့နယ်အတွင်း NLD အောင်နိုင်ရေးသီချင်းဖွင့်ကာ ရပ်ကွက်ထဲ လှည့်လည်ပြီးပန်းရောင်းနေသည့် ၁၃ နှစ်အရွယ်ကလေး အရိုက်ခံရမှုနှင့် ပတ်သက်ပြီး အမှုကျူးလွန်သူနှင့် ကာယကံရှင်မိသားစုတို့ ညှိနှိုင်းကာ နစ်နာကြေး ၁ သိန်းခွဲဖြင့် ကာယကံရှင်မိသားစုဖက်မှ ကျေအေးပေးခဲ့သည်။ ကလေးငယ်သည် အရင်ကတည်းက သီချင်းများဖွင့်ပြီး တလမ်းဝင်တလမ်းထွက် ပန်းရောင်းခဲ့သော်လည်း အရိုက်ခံရခြင်းမရှိခဲ့သလို အခု NLD အောင်နိုင်ရေးသီချင်းဖွင့်မှ အရိုက်ခံရခြင်းဖြစ်ကြောင်း သိရပါသည်။
သတင်းနှင့်ရိုက်ကူး - ဇေယျာမော်/Myanmar Now



