နိုဝင်ဘာတွင်ကျင်းပတော့မည့် ၂၀၂၀အထွအထွေရွေးကောက်ပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲထက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာသည်ကို တွေ့ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွှတ်တော်တွင်း အမျိုးသမီးပါဝင်မှု ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၅ တွင် ၁၃.၇ရာခိုင်နှုန်းထိ တိုးတက်လာသည်ဟု သုတေသနစာတမ်းများကဖေါ်ပြခဲ့ကြပြီး အနာဂတ်တွင် ၃၀ ရာခိုင်နှုန်းထိ ရောက်ရှိလာရန် လိုအပ်သည်ဟု အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြသည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။