ရန်ကုန်မြို့က လူနာများကို ကုသရာတွင် အားဖြည့်ကူညီရန် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ သည် စက်တင်ဘာလ ၁၅ ရက်နေ့မနက်တွင် လွိုင်ကော်မြို့မှ ရန်ကုန်မြို့ကို ထွက်ခွာသွားပြီဖြစ်သည်။ ကယားပြည်နယ်အပြင် တခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကျန်းမာရေးဝန်ထမ်းများသည်လည်း ရန်ကုန်မြို့ကို ကူညီအားဖြည့်ရန်အတွက် စက်တက်ဘာလ ၁၅ ရက်နေ့တွင် ရောက်လာကြမည်ဟုသိရပါသည်။
သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now



