သုဝဏ္ဏမြက်ခင်းတုကွင်းပေါ်တွင် အမြန်တည်ဆောက်နေသည့် ကိုဗစ်နိုင်တင်းလူနာကုသရေး ယာယီဆေးရုံကို အဆောင်လေးခုတည်ဆောက်သွားမည်ဖြစ်ပြီး လူနာအယောက် ၄၀၀ နှင့် ၅၀၀ ကြားထားရှိသွားမည်ဟုသိရသည်။ ဆေးရုံများတွင် လူနာများပြားလာသောကြောင့် တစ်ချို့ကူဗစ်လူနာများကို ချက်ချင်းလာမခေါ်နိုင်သည်ကို တောင်းပန်ကြောင်း ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးက ဆိုပါသည်။
သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now



