ရန်ကုန်တိုင်းအတွင်း ရွေ့ပြောင်းအလုပ်သမားအများဆုံးနေထိုင်သည့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် မဲဆန္ဒရှင်ဉီးရေ ၂၁ သိန်းကျော်ရှိသည်။ စက်ရုံ၊အလုပ်ရုံအများဆုံးရှိသည့် လှိုင်သာယာတွင် အလုပ်သမားအများဆုံးဖြစ်ပြီး ၎င်းတို့အနေဖြင့် အလုပ်သမားဥပဒေကို အသစ်ရေးဆွဲပြီး အလုပ်သမားများကို ကယ်တင်မည့် လွှတ်တော်ကိုယ်စားလှယ်မျိုး မျှော်လင့်‌နေသည်ဟု ဆိုကြပါသည်။

သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now