ရွှေးကောက်ပွဲနီးလာသဖြင့် ပြည်သူတချို့သည် မိမိတို့ကြိုက်နှစ်သက်ရာပါတီကို ထောက်ခံမှုပြသည့်အနေဖြင့် ပါတီခေါင်းဆောင်၊ အမှတ်တံဆိပ်၊ အလံ၊ သင်္ကေတ စသည့် စတေကာများ ကပ်လာကြသည်။ ကားစတေကာဆိုင်များတွင် လာရောက်ကပ်ကြသည့်ပုံများမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် NLD ပါတီပုံအများဆုံးဖြစ်ပြီး တစ်ရက်ကို ကားအစီးရေ ၆၀ လောက်အထိ လာရောက်ကပ်ကြသည်ဟု ကားစတေကာဆိုင်ရှင်များက ဆိုကြသည်။
သတင်းနှင့်ရိုက်ကူး - အောင်ကိုကိုဦး/Myanmar Now




