ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို တာဝန်မှရပ်စဲခံရမှုနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများကြားတွင် ထင်မြင်ယူဆချက်များ ကွဲပြားလျက်ရှိသည်။ ဦးအယ်လ်ဖောင်းရှိုအား ဒေသခံပြည်သူတချို့က တကယ်အလုပ်လုပ်သည်ဟု ရှုမြင်ကြသလို အခြားတဖက်မှာတော့ လွန်ခဲ့သည့်နှစ်များကပင် ဦးအယ်လ်ဖောင်းရှိုအား အရေးယူသင့်သည်ဟု ပြည်သူတချို့က ပြောဆိုကြသည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး/Myanmar Now