ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမဆိုင်းကို အောက်တိုဘာလလယ်မှ ကြေညာမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်သည် အဓိပ္ပာယ်မရှိဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ဝေဖန်လိုက်သည်။ ရွေးကောက်ပွဲတရားဝင်မဲဆွယ်ကာလသည် စက်တင်ဘာ ၆ ရက်နေ့တွင် စတင်ရမည်ဖြစ်သဖြင့် ၎င်းရက်မတိုင်ခင် ရွေးကောက်ပွဲရွှေ့မရွှေ့ကို ကြေငြာသင့်သည်ဟု ပြောဆိုလိုက်သည်။

သတင်းနှင့်ရိုက်ကူး - အာကာစိုး/Myanmar Now

အာကာစိုးသည် Myanmar Nowသတင်းဌာန၏ ရုပ်သံသတင်းထောက်ဖြစ်သည်။