ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ရာထူးမှရပ်စဲလိုက်ကြောင်း သမ္မတရုံးက ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ အကြောင်းကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ စီမံမှုကို ကျေနပ်ကြောင်းနှင့် အကောင်းဆုံးမျှော်လင့်ထားသူတယောက်အတွက် အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်အသင့်ရှိသည်ဟု ဦးအယ်ဖောင်းရှိုက ပြန်လည်ပြောဆိုခဲ့သည်။

သတင်းနှင့်ရိုက်ကူး - ကေဇွန်နွေး၊ ဖြိုးထက်အောင်/Myanmar Now