တရားလွှတ်တော်ရှေ့နေ ဦးကိုနီလို ထင်ရှားသူတစ်ဦးကို ရန်ကုန်လေဆိပ် လူအများမြင်ကွင်းတွင် ကြိုတင်ကြံစည်လုပ်ကြံရဲသည့်ကိစ္စမျိုး ထပ်မံမပေါ်ပေါက်စေရန် ပါဝင်ပတ်သက်သူအားလုံးကို အမြင့်ဆုံးပြစ်ဒဏ်ချထိုက်သည်ဟု နစ်နာသူမိသားစုများ၏ ရှေ့နေများက ပြောသည်။ လက်ရှိတွင် သေနတ်သမားကြည်လင်းနှင့် စေခိုင်းသူ အောင်ဝင်းဇော်ကို အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း အခြားပူးပေါင်းပါဝင်သူနှစ်ဦးကို ထောင်ဒဏ်သုံးနှစ်နှင့် ငါးနှစ်သာ ကျခံစေခဲ့ပြီး အဓိကကြိုးကိုင်သူ အောင်ဝင်းခိုင်ကို ယနေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
သတင်းနှင့်ရိုက်ကူး - ဉာဏ်လှိုင်လင်း၊ မင်းမင်း/Myanmar Now



