NLD ပါတီတွင်း အုပ်စုဖွဲ့မှုများနှင့် ပွတ်တိုက်မှုများရှိနေသဖြင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကပြောသည်။ NLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည့်ပါတီဝင်များ၊ တစ်ခြားပါတီမှ ဝင်ပြိုင်မည့်ပါတီဝင်များကို ပါတီမှ ထုတ်ပယ်ကြောင်း ဩဂုတ်လ(၂၆) ရက်နေ့တွင် ကြေညာခဲ့ပြီး ယနေ့အချိန်အထိ ပါတီဝင် (၂၀) ခန့်ကို ထုတ်ပယ်ခဲ့ကြောင်းသိရပါသည်။
သတင်းနှင့်ရိုက်ကူး - ဖြိုးထက်အောင်/Myanmar Now




